ဂျပန်နိုင်ငံက အိမ်ခြံမြေ မှောင်ခိုဈေးကွက်

ဂျပန်နိုင်ငံရဲ့ စီပွားရေးမှာ တရုတ်နိုင်ငံက အလွန်အရေးပါသလို၊ ဆိုးကျိုးတွေလဲ အများကြီးရှိခဲ့ပါတယ်။

HOME

Kyi Chan Nyein

12/17/20251 min read

ဂျပန်နိုင်ငံရဲ့ စီပွားရေးမှာ တရုတ်နိုင်ငံက အလွန်အရေးပါသလို၊ ဆိုးကျိုးတွေလဲ အများကြီးရှိခဲ့ပါတယ်။ ခုတစ်လော ဂျပန်နှင့်တရုတ်ကြား တင်းမာတဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်နေတာလဲ အားလုံးအသိပါပဲ။ အကြောင်းအရင်းများစွာထဲက တစ်ခုကို ထုတ်ပြရရင် ကုမ္ပဏီများစွာထောင်ပြီး၊ စီမံခန့်ခွဲမှု ဗီဇာတွေကို လက်တစ်လုံးကြားရယူမှုတွေ အများကြီးရှိခဲ့တာကြောင့်၊ ဂျပန်နိုင်ငံရဲ့ ဗီဇာ ပေါ်လစီတွေပါ ပြောင်းလိုက်ရတဲ့ အထိပါပဲ။ ဒီလိုကုမ္ပဏီတွေထောင်ပြီး ငွေကြေးခဝါချမှုတွေနဲ့ပါ ဆက်နွယ်လာတာရှိသလို၊ ဂျပန်နိုင်ငံရဲ့ ကွန်ဒိုနဲ့ တိုက်ခန်းတွေအပါအဝင် အိမ်ခြံမြေ ပြဿနာတွေပါ ပေဓပေါက်လာကြောင်း လေ့လာတွေ့ရှိရပါတယ်။
အကြောင်းအရင်းက တရုတ်ပိုင် ကုမ္ပဏီတွေ အဆမတန်များပြားလာပြီး၊ ဒီကုမ္ပဏီတွေကနေတစ်ဆင့် ကွန်ဒိုများ၊ တိုက်ခန်းများ၊ မြေယာများ ကို ငွေသားလက်ငင်းပေးချေစနစ်နဲ့ လိုက်လံဝယ်ယူနေကြတာပါပဲ။ အချို့နေရာတွေမှာ ဂျပန်ပိုင် ကွန်ဒိုတစ်ခုလုံးကို တရုတ်ပိုင် ကုမ္ပဏီတစ်ခုက ဝယ်ယူပြီး၊ ကွန်ဒိုအခန်းတွေရဲ့ လခတွေကို အဆမတန် မြှင့်တင်ခဲ့လို့ တိုက်ခန်းတွေမှာ ကြာမြင့်စွာနေထိုင်ခဲ့တဲ့ ဂျပန်လူမျိုးများ ထွက်ပေးလိုက်ရပြီး၊ နေစရာအခက်အခဲတွေဖြစ်လာတဲ့ သတင်းတစ်ခုလဲ ပါဝင်ပါတယ်။
တရုတ်က ဂျပန်မှာ ကုမ္ပဏီထောင်ပြီး ဘာတွေ ထပ်လုပ်သေးလဲ?
အများဆုံးပြဿနာကတော့ ဗီဇာတွေ ထုတ်ပြီး၊ တရုတ်ပြည်ကနေ လူတွေခေါ်တာများပါတယ်။
ဂျပန်အစိုးရက မူဝါဒတွေပါ ပြောင်းလဲချမှတ်ရတဲ့အထိ ဆိုးဝါးတာကတော့ ဂျပန်နိုင်ငံရဲ့ အိမ်ခြံမြေ ကွန်ဒိုတွေကို တရုတ်နိုင်ငံ ပြည်တွင်းမှာ မှောင်ခိုဈေးကွက်ကြီးတစ်ခုအဖြစ်နဲ့ ရောင်းဝယ်နေကြတာပါပဲ။
ဥပမာ - ဂျပန်က ကွန်ဒို တစ်ခန်းတန်ဖိုး ဂျပန် ယန်းငွေ သိန်း ၁၀၀၀ ကို တရုတ်ပြည်တွင်းမှာ လည်းကောင်းတန်ဖိုးထက် ၁၀ ဆလောက်ရှိမဲ့ တရုတ်ယွမ်ငွေတွေနဲ့ အရောင်းအဝယ်တွေ လုပ်နေကြခြင်းပဲဖြစ်ပါတယ်။ ဒီပြဿနာကြောင့် ဂျပန်ပြည်တွင်းက အိမ်ခြံမြေဈေးကွက်တွေ အဆမတန်မြင့်တက်လာရာကနေ လခစားများတဲ့ ဂျပန်လူမျိုးတွေမှာ အိမ်ပိုင်၊ တိုက်ခန်းပိုင်နေရန်ပိုမိုခက်ခဲလာကြပါတယ်။ ဒီိလို တရုတ်နိုင်ငံက ဂျပန်နိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်တွေ ကစားမှုကို ကာကွယ်ထိန်းသိမ်းဖို့ တစ်စတစ်စ နဲ့ ဂျပန်ဥပဒေများပြင်ဆင်ခြင်းတွေ စတင်ပြုလုပ်နေပါတယ်။ ဥပမာ ဟော့ကိုင်းဒိုးဘက်က ဟိုတယ်လုပ်ငန်းတွေကို တရုတ်က ထုတ်ရောင်းနေပြီ ဖြစ်တဲ့အတွက် ဂျပန်ရဲ့ အိမ်ခြံမြေဈေးတွေ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း သတင်းလဲ သိရှိရပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ဝယ်ယူမယ်ဆိုရင် အထူးသတိထားသင့်ကြောင်းနဲ့ တတ်ကျွမ်းသူများနှင့် တိုင်ပင်ဝယ်ယူသင့်ကြောင်း မေတ္တာရှေ့ထား မျှဝေအပ်ပါတယ် ခင်ဗျာ။